Sat. Nov 23rd, 2019

Achit University

Love & News

ပတ်တီးဖြေလိုက်ပြီးနောက် ပြောင်းလဲသွားတဲ့ သူ့ရဲ့မျက်နှာကို ထုတ်ပြလိုက်တဲ့ နေမင်း

1 min read

ယောက်ျားပီသတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ နေမင်းကတော့ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်တာကြောင့် အနုပညာလောကမှာ နေရာတစ်ခု ရရှိထားတဲ့ မင်းသားတစ်ဦးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ နေမင်းက လည်ပင်းနဲ့ မေးရိုးကို ခွဲစိတ်ထားတဲ့ အကြောင်း ပရိသတ်ကိုအသိပေးခဲ့တာကြောင့် ပရိသတ်တွေအားလုံး အံ့အားသင့်ခဲ့ရတာပါ။ ဒီနေ့လေးမှာတော့ နေမင်းက ပတ်တီးဖြေလိုက်ပြီးနောက်ပိုင်း ပြောင်းလဲသွားတဲ့ သူ့ရဲ့မျက်နှာကို ထုတ်ပြလိုက်တာ တွေ့ရပါတယ်။ အရင်ကနဲ့မတူပဲ ပိုပြီးကြည့်ကောင်းလာတဲ့ နေမင်းရဲ့ပုံရိပ်တွေကတော့ အရမ်းကို ခန့်နေတာပါနော်။

ပရိသတ်တွေအတွက် ခွဲစိတ်မှုတွေအပြီး ပတ်တီးဖြေပြီးနောက် ပြောင်းလဲသွားတဲ့ မျက်နှာကို ပြသလိုက်တဲ့ နေမင်းရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

နေမင်းကတော့ “2004 က အိပ်နေသော နိုင်နိုင်လေး နဲ့ 2019 (ဒီနေ့မနက်) နိုးလာခဲ့သော ဦးနိုင်ကြီး ထွန်းလမင်း (my nephew)2019 picture” ဆိုပြီး လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်က ပုံလေးနဲ့ ပတ်တီးဖြေအပြီး ဒီနေ့ရိုက်ကူးထားတဲ့ ပုံကိုယှဉ်ပြီး လူမှုကွန်ယက်မှာ တင်ထားတာပဲ ဖြစ်ပါတယ်။

နေမင်းကတော့ “လည်ပင်းတော့ ဒီနေ့ည ပတ်တီးဖြေလိုက်ပြီ ” ဆိုပြီး ပတ်တီးဖြေပြီးပြီးချင်း ဆေးလိပ်ကိုက်ပြီး ဂေါ်နေတဲ့ပုံလေးကိုလည်း ပရိသတ်တွေအတွက် ဝေမျှပေးထားပါသေးတယ်။

ပတ်တီးဖြေပြီးနောက်ပိုင်းမှာတော့ နေမင်းက နဂိုကထက်ပိုပြီး ကြည့်ကောင်းလာတယ်ဆိုတာတော့ ငြင်းလို့မရနိုင်ပါဘူးနော်။ နေမင်းကတော့ လတ်တလောမှာ ဇာတ်ကားတွေရိုက်ရင်း တစ်ခြားသောအနုပညာလှုပ်ရှားမှုတွေလည်း လုပ်ဖြစ်နေတယ်လို့ သိရပါတယ်။ ချစ်ပရိသတ်တွေလည်း ခွဲစိတ်ပြီးမှ ပိုကြည့်ကောင်းလာတဲ့ နေမင်းကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။ မိုမိုလေး