Sat. Nov 23rd, 2019

Achit University

Love & News

ခရီးသည်နဲ့ ဆိုင်ကယ်ကယ်ရီသမားတို့ မမျှော်လင့်ဘဲ ရုပ်တူနေတဲ့ အဖြစ်အပျက်(ရုပ်သံ)

1 min read

တကယ်ကို အံ့အားသင့်သွားစေခဲ့ပါတယ်…တူတာကလဲ တစ်ယောက်ထဲလားကို မှတ်ယူရပါတယ်… … ။ အင်ဒိုနီရှားနိုင်ငံမှာ Grab ဆိုင်ကယ် ကယ်ရီသမားတစ်ယောက်က သူ့ရဲ့ ရုပ်နဲ့ တစ်ထေရာတည်းတူနေတဲ့ ခရီးသွား ဧည့်သည်တစ်ယောက်ကို မမျှော်လင့်ထားတဲ့ ပုံစံနဲ့ ဆုံတွေ့ခဲ့ရပါတယ် …. ။

စစချင်းမှာ တော့ အနောက်ပါလာတဲ့ ခရီးသွားက သူ့စိတ်ကူးနဲ့ သူ ခရီးကို မှတ်တမ်းပြုလာခဲ့ပါတယ်။ ဒါပေမယ့် ၄င်းက အရှေ့ကင်မရာကို ဖွင့်လိုက်တဲ့ အချိန်မှာတော့ ရုတ်တရက် ကယ်ရီသမားရော သူရော နှစ်ယောက်လုံး တစ်ရုပ်တည်ဖြစ်နေတာကို သတိပြုမိသွားကြပါတယ် …. ။

ဗီဒီယိုရဲ့ အဆုံးမှာတော့ နှစ်ယောက်လုံး ရယ်ပွဲအကြီးအကျယ်ကျနေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီလိုမျိုး နှစ်ယောက်ရုပ်တူနေတာကို အင်တာနက်အသုံးပြုသူတွေက ၄င်းတို့ဟာ တစ်ကွဲတစ်ပြားစီး မွေးလာတဲ့ အမွှားတွေ ဖြစ်တယ်လို့ ခန့်မှန်းသုံးသပ်နေကြတာပဲဖြစ်ပါတယ် ….. ။ ဒီ ဗီဒီယိုဟာ အစစ်ဟုတ်မဟုတ်ဆိုတာတော့ သံသယဖြစ်ဖွယ်ရှိပေမယ့် တကယ်သာဆို ၄င်းတို့အတွက် အဲ့ဒီ့အခိုက်အတန့်ဟာ လုံးဝမမေ့နိုင်စရာဖြစ်မှာ အသေအချာပါပဲနော် …. ။

video ဖိုင်ကြည့်ရန်

Leave a Reply

Your email address will not be published. Required fields are marked *