Sat. Nov 23rd, 2019

Achit University

Love & News

ကမ္ဘာကြီးကိုကယ်တင်မယ်ဆိုပြီး တူတောင်ဖမ်းလို့မမိတဲ့ Thor ရဲ့ video လေး

1 min read

The Mighty Thor, Odin’s Son ဆိုပြီးတော့ ခမ်းနားကြီးကျယ်တဲ့ လေးစားစရာအသွင်နဲ့ အားကိုးချင်စရာကောင်းလွန်းတဲ့ Thor ကိုကြွေတဲ့ပရိသတ်တွေက တစ်ကမ္ဘာလုံးမှာ အများကြီးရှိနေတာပါ။ Thor ဟာ MCU မှာ အရေးပါအရာရောက်တဲ့ character တစ်ခုဖြစ်သလို နတ်ဘုရားတစ်ပါးအဖြစ်သရုပ်ဖော်ထားတဲ့ ဇာတ်ကောင်တစ်ဦးလည်းဖြစ်ပါတယ်။ Thor ဟာ Asgard ရဲ့ ပဲ့ကိုင်ရှင်တစ်ဦးဖြစ်ပြီး အဖေအမေတွေကိုဆုံးရှုံးခဲ့ရပြီး ချစ်သူကိုပါ လက်လွှတ်ခဲ့ရပေမယ့် စိတ်ဒဏ်ရာတွေကိုသူ့အတွင်းထဲမှာပဲ သိမ်းထားပြီး ကမ္ဘာကြီးကို ကယ်တင်နေတဲ့ လူစွမ်းကောင်းတစ်ဦးဆိုရင်လည်းမမှားပါဘူး။

Endgame ထဲက Thor ရဲ့ ဇာတ်ကောင်ကိုတော့ ပရိသတ်တော်တော်များများက သနားပြီး အချစ်ပိုခဲ့ကြရတာပါ။ စိတ်ဒဏ်ရာတွေနဲ့ Trauma တွေရဲ့တွန်းကန်အားတွေကြောင့် ပုံပျက်နေတဲ့ ခန္ဓာကိုယ်ဖြစ်နေခဲ့ပေမယ့် စိတ်ဓာတ်ကတော့ နတ်ဘုရားတစ်ပါးရဲ့ လူတွေကိုကာကွယ်စောင့်ရှောက်ချင်ပြီး တရားမျှတမှုကိုလိုချင်တဲ့ သူငယ်ချင်းတွေသွေးသောက်တွေကိုကူညီချင်တဲ့စိတ်ဓာတ်က တစ်ပြားသားမှမလျော့သွားဘူးလို့ကိုဆိုရမှာပါ။ ဗိုက်ပူလေးနဲ့ Chubby Thor လေးကိုလည်း အကုန်လုံးကဝိုင်းချစ်ခဲ့ကြရပါသေးတယ်။ Thor အဖြစ်သရုပ်ဆောင်တဲ့ Chris Hemsworth က အပြင်မှာဟာသညဏ်ရှိပြီး ဇွဲနပဲကြီးမားတဲ့ မင်းသားတစ်လက်ဖြစ်တာကြောင့်လည်း Thor ဟာ Character လုံးဝမိနေတယ်လို့ပြောလို့ရပါတယ်။

မကြာသေးမီက ပရိသတ်တွေကြားမှာပျံ့နှံ့လာတဲ့ Video အတိုလေးထဲမှာတော့ Thor ဟာ ဟန်နဲ့မာန်နဲ့ခက်ထန်တဲ့ နတ်ဘုရားတစ်ပါးထက်လူပြောင်လူနောက်တစ်ဦးနဲ့ပိုတူနေပြီးချစ်ဖို့ကောင်းနေတာအားလုံးတွေ့ကြရပါတယ်။ အဲဒါကတော့ Thor နဲ့ Captain America ရဲ့ ရိုက်ကွင်းနောက်ကွယ်က Behind The Scene တစ်ခုဖြစ်ပြီး Fight scene တစ်ခုရိုက်နေတာပါ။ နှစ်ယောက်စလုံးဝတ်စုံပြည့်နဲ့ အားရပါးရကီတွေသွင်းပြီး ဖိုက်ရမယ့်အခန်းမှာ ဘေးက Cap က အားနဲ့မာန်နဲ့ ဒိုင်းကြီးကို အမျိုးမျိုးအသုံးပြုပြီးကာလိုက်ချလိုက် အပီအပြင်တွေလုပ်နေပေမယ့် သူနဲ့ ကျောချင်းကပ်ထားတဲ့ Thor ကတော့ တူတောင်ဖမ်းလို့မမိပါဘူး။ ဒါပေမယ့်သူ့ခမျာလည်း တစ်လျှောက်လုံး တူကိုကြိုးစားဖမ်းနေခဲ့ပြီး ဖမ်းလို့မမိတဲ့ သူ့ကိုယ်သူလည်းရယ်ချင်နေပုံရပါတယ်။ အဲဒီ video လေးဟာ တစ်ကမ္ဘာလုံးကပရိသတ်တွေကြားမှာ video အတိုလေးအဖြစ်တစ်ဖုံ Gif အဖြစ်တစ်မျိုးပျံ့နှံ့သွားခဲ့ပြီးအရေးထဲအရာပေါ်ဆိုသလို ပြောင်နောက်နေတဲ့ Thor ကိုလည်း ပရိသတ်တွေကချစ်စနိုးနဲ့ “ကမ္ဘာကြီးကိုကယ်တင်မယ် လောလောဆယ်တော့ တူဖမ်းလိုက်ဦးမယ်”လို့ စနောက်နေကြပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် Thor ရဲ့ တူဖမ်းလို့မမိတဲ့ ချစ်စရာ video လေးကိုဖော်ပြလိုက်ပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော MCU ရဲ့ Avengers တွေထဲက ဘယ်သူ့ကိုအနှစ်သက်ဆုံးဖြစ်မလဲ။ MCU ရဲ့ နောက်ထပ်ထွက်လာမယ့် Phase 4 ထဲက ဇာတ်ကားတွေကိုရော အားပေးကြဖို့အသင့်ပဲလား။ပြောခဲ့ကြပါဦး။

Leave a Reply

Your email address will not be published. Required fields are marked *